Content

Movie Link - 👉 Click Here (ဒီကိုနှိပ်ပါ) 👈
Tulsa King (2025) Season -3
———————————————
မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီး
အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
Paramount+ကနေ
အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77%
ရထားပါတယ်။ Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအိုသေးဆိုတဲ့
လက်သီးစွမ်းတွေကို တဝကြီးတွေ့ရဦးမှာပါ။
Dwight Manfredi ဆိုတဲ့ နယူးယောက်မြိုက မာဖီးယားဘဲကြီးဟာ
ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့အခါ ဘော့စ်ဖြစ်သူက သူ့ကို
အဖွဲထဲ ခေါ်မထားချင်တော့ဘဲ နယ်ဘက်ကို ပထုတ်ဖိုကြံခဲ့ပါတယ်။
ဒီလိုနဲ့ပဲ Oklahoma ပြည်နယ်က Tulsa ဆိုတဲ့ မြိုလေးကို နှင်ထုတ်
ခံလိုက်ရတဲ့ Dwight တစ်ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြိုကနေ
တစ်ကတဖန်ပြန်စပြီး တစ်စင်ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု
ဖန်တီးကာ ပြန်ရင်ဆိုင်ဖိုကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။
မာဖီးယား
ဖြစ်တာနဲ့အညီ အပြောကလည်း သွေးအေးသလို လက်သံကလည်း
အတော်ပြောင်လို မင်းသားကြီးရဲ့ ပရိသတ်တွေရော၊ Crime စီးရီး
ကြိုက်သူတွေရော သဘောကျကြမှာပါ။
တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး
အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။